တဏှာယ

တဏှာယ ဇာယတီ သောကော၊

တဏှာယ ဇာယတီ ဘယံ။

တဏှာယ ဝိပ္ပမုတ္တဿ၊

နတ္ထိ သောကော ကုတော ဘယံ။

(ဗြာဟ္မဏ = သောကဖြစ်ပွါး အိုပုဏ္ဏား..)။ တဏှာယ = တပ်မက်တွယ်တာမှု တဏှာလောဘ တရားအစုကြောင့်။ သောကော = စိုးရိမ်ပူဆွေး စိတ်မအေးရခြင်း သောကတရားသည်။ ဇာယတိ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ တဏှာယ = တပ်မက်တွယ်တာမှု တဏှာလောဘ တရားအစုကြောင့်။ ဘယံ = အားနည်းသော ဒေါသဖြင့် စိတ်ကမသန့် ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ ဘေးအစုသည်။ ဇာယတိ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ တဏှာယ = တွယ်တာတပ်မက်မှု တဏှာလောဘ တရားအစုမှ။ ဝိပ္ပမုတ္တဿ = အရဟတ္တဖိုလ်ပေါက် လွတ်မြောက်ပြီးသောသူ၏ (သန္တာန်၌)။ သောကော = စိုးရိမ်ပူဆွေး စိတ်မအေးရခြင်းသည်။ နတ္ထိ = တစိုးတစိ မဖြစ်တော့ချေ။ ဘယံ = ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ ဘေးအစုသည်။ ကုတော အတ္ထိ = အနာဂါမိမဂ်ခဏကပင် ဖျက်ချပယ်ခွါ ပြီးခဲ့စွာကြောင့် အဘယ်မှာလျှင် ဖြစ်ရှိချေတော့အံ့နည်း။

Comments

Popular posts from this blog

နတ်ပို့

သီလ