ပရိတ်မွှမ်း

ပရိတ်အမွှမ်း
==========
ဘဝတု သဗ္ဗမင်္ဂလံ ၊
ရက်ခန်တု သဗ်ဗ ဒဝေတာ။
သဗ်ဗဗုဒ်ဓါ နုဘာဝနေ ၊
သဒ်ဒါသုခီ ဘဝန်တု တေ ။

(သဗ်ဗဓမ်မာ သဗ်ဗသံဃာ နုဘာဝနေ ၊
သဒ်ဒါသုခီ ဘဝန်တု တေ ။ )

တေတုမှာကံ၊ဘုရား တရား သံဃာ
ရတနာမြတ်သုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်လျှက် ရှိကြကုန်
သော သင်သူတော်ကောင်း အပေါင်းတို့အား ။

ဣစ္ဆိတံ၊အလိုရှိအပ်ကုန်သော။
ပတ္တိတံ၊တောင့်တအပ်ကုန်သော။
သဗ္ဗမင်္ဂလံ သဗ္ဗမင်္ဂလာနိ၊အလုံးစုံကုန်သော လောကီ လောကုတ္တရာမင်္ဂလာအပေါင်းတို့သည်။ဘဝတု၊နေ့တိုင်းညတိုင်း အခါမဆိုင်းပဲ ဟုတ်တိုင်းမှန်စွာ
ပြည့်စုံနိုင်ကြပါစေ။

တေတုမှာကံ၊ဘုရားတရားသံဃာ
ရတနာမြတ်သုံးပါးကို အမြဲမပြတ်
စီးကပ်ကိုးကွယ်လျှက် ရှိကြကုန်သော
သင်သူတော်ကောင်းတို့အား

သဗ္ဗဒေဝတာ၊ကိုယ်စောင့်နတ်စသော အလုံးစုံသော(အိမ်...ကျောင်း...ဝိုင်း...)
မိမိတို့၏ သွားရာလာရာ လုပ်ရာကိုင်ရာ
​နေရာထိုင်ရာ ဌာနအသီးသီးတို့၌
အမြဲမပြတ် စောင့်ရှောက်၍ နေထိုင်သွားလာ လှုပ်ရှားမှု့ ပြုကြကုန်သော သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ကလည်းပဲ ။

ရက္ခန္တု၊လူတိုင်းကိုယ်စီ အလုပ်အကိုင် စီးပွါးဥစ္စာတွေ တိုးတက်သည်ဖြစ်၍
ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာခြင်းရှိကြရလေအောင် ကောင်းစွာမသွေစောင့်ရှောက်နိုင်ကြပါစေ ကုန်သတည်း။

သဗ္ဗဗုဒ္ဓါနုဘာဝေန စ၊သီလဂုဏ်
သမာဓိဂုဏ် ပညာဂုဏ်
ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏဒဿဂုဏ်
​တို့နှင့်ပြည့်တော်မူကြကုန်သေ ဘုရားရှင်တို့၏ တန်ခိုးတေဇော် မေတ္တာတော်အာနုဘော်တို့ကြောင့်လည်းကောင်း။

သဗ္ဗဓမ္မာနုဘာဝေန စ၊မဂ်လေးပါး
ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု
ဆိုအပ်သော ဆယ်ပါးသောတရား
တော်မြတ်တို့၏ တန်ခိုးတေဇော်
မေတ္တာတော် အာနုဘော်တို့ကြောင့်
လည်းကောင်း

သဗ္ဗသံဃာနုဘာဝေန စ၊အလုံးစုံ
ကုန်သော အရိယာ သမုတိသံဃာ
တော် ထေရ်ရှင်မြတ်တို့၏ တန်ခိုးတေဇော် မေတ္တာတော်အာနုဘော်တို့ကြောင့်
လည်းကောင်း။

သဒ္ဒါ၊ နေ့ရောညဥ့်ပါ ဘယ်ခါမပြတ်
အခါခပ်သိမ်း။

သုခီ၊ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ခြင်းရှိကြကုန်သည်။ဘဝန္တု ၊ဖြစ်ကြပါစေကုန်သတည်း။

နိဒုက္ခာ စ၊ ဆင်းရဲခပ်သိမ်း ဒုက္ခအပေါင်းမှ ကင်းလွတ်ငြိမ်းကြ ကုန်သည်လည်း။
ဘဝန္တု ၊ဖြစ်ကြပါစေကုန်သတည်း။

နိဗ္ဘယာ စ၊ဘေးအန္တရာယ် ရန်သွယ်သွယ်တို့မှ ကင်းလွတ်ဝေးကြကုန်သည်လည်း(ဝါ)ကပ်ဘေးရောဂါ အမျိုးမျိုးသောဘေးတို့မှ ကင်းလွတ်
ဝေးကြကုန်သည်လည်း။ဘဝန္တု ၊ ဖြစ်ကြပါစေကုန်သတည်း၊

နိ​​ေဿာကာစ(ဝါ)အသောကာစ
မညိုးမမှိန် တန်ခိုးရှိန်၍ စိုးရိမ်မနှောင်း ကြောင့်ကြပူဆွေး ငိုကြွေးမြည်တမ်း
ခြင်းတို့မှ ကင်းလွတ်ဝေးကြကုန်
သည်လည်း။
ဘဝန္တု ၊ဖြစ်ကြပါစေကုန်သတည်း။

ဘဝန္တု ၊ယနေ့မှစ နိဗ္ဗာန်သို့ရသည့်
ရောက်သည့် ဘဝတိုင်အောင်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ
ကုန်သည် ဖြစ်ကြပါစေကုန်သတည်း။

စေတနာ မေတ္တာဖြင့်
✍နန္ဒလင်းချစ်၊မလွန်(မြသပိတ်)

Comments

Popular posts from this blog

နတ်ပို့

သီလ

တဏှာယ