နတ်ပို့
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။
ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။
ဧတ္တာဝတာ စ – သဒ္ဓါစေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက်ဝေစေကြောင်းဖြစ်သော ဤဓမ္မဒေသနာတော်အပေါင်းတို့အား ရွတ်ပွားသရဇ္ဈာယ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ရခြင်းဖြင့်၊
အမှေဟိ – အကျွန်ုပ်တို့သည်၊
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ – အလုံးစုံကုန်သော စည်းစိမ်ချမ်းသာ မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံခြင်းငှာ၊
သမ္ဘတံ – ကောင်းစွာမပြတ် ဆည်းပူးအပ်သော၊
ပုညသမ္ပဒံ – ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ပြည့်စုံခြင်းကို၊
သဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
ဒေဝါ – စကြဝဠာအဖြာဖြာမှ ကြွလာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊
အနုမောဒန္တု – ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
ဒါနံ – ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊
သဒ္ဓါယ – ကံ, ကံ၏အကျိုးကို ယုံကြည်လျက်၊
ဒဒန္တု – ဘဝဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း။
သီလံ – စာရိတ္တ ဝါရိတ္တ မြတ်သီလကို၊
ရက္ခန္တု – မကျိုးမပေါက် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။
ဘာဝနာဘိရတာ – သမထဝိပဿနာ ဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက် ချီးမွမ်းမွေ့လျော်ကြကုန်သည်၊
ဟောန္တု – ဖြစ်ကြပါစေကုန်သတည်း။
အာဂတာ – စကြဝဠာ ကမ္ဘာလောကဓာတ်အရပ်ရပ်မှ ဆိုက်ကပ်ညီညာ ရောက်လာကြကုန်သော၊
ဒေဝတာ – နတ်ဗြဟ္မာအပေါင်းတို့သည်၊
ဂစ္ဆန္တု – သာဓုအနုမောဒနာ ဝမ်းမြောက်စွာလျှင် နှုတ်လျာသံညီး ပြုပြီးလေဘိ မိမိတို့နေရာ ပျော်ဖွယ်ရာရိပ်ခန်း ဘုံဗိမာန်နန်းသို့ စံမြန်းတော်မူနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု
Comments
Post a Comment