Posts

ဓနသိဒ္ဓိဂါထာ

ဓနသိဒ္ဓိဂါထာတော် -------------------- အရဟံ ဗဟိ အန္တ ဇယံ သုဂတံ အမိတံ ဝိရဇံ လလိတံ အတုလံ စရဏံ တိ ဘဝူပ သမံ  ယမကံ   သုခဒံ  သရဏံ  ပဏမာမိ  ဇိနံ  ။ ၁။အရဟံ =ပူဇော်အထူးကိုခံယူတော် မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ = ရှိခိုးပါ၏ ။ ၂။ဗဟိ - အန္တ - ဇယံ =အတွင်း အပ ရန်ကို အောင်တော်မူသောမြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ။ ၃။သုဂတံ = ကောင်းသောစကားကို ဟောပြောတက်သောမြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ၄။အမိတံ = မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသောမြတ်စွာဘုရားကို ပဏမာမိ = ရှိခိုးပါ၏ ။ ၅။ဝိရဇံ =ကိလေသာမြူကင်းတော်မူသော မြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ၆။လလိတံ =တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ၇။အတုလံ = အတုမရှိသောမြတ်စွာဘုရားကို ပဏမာမိ = ရှိခိုးပါ၏ ။ ၈။စရဏံ = အကျင့်စရဏနှင့်ပြည့်စုံသော မြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ။ ၉။ တိဘဝူပသမံ = ဘုံသုံးပါး၌ ကိလေသာ ငြိမ်းအေးသောမြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ။ ၁၀။ ယမကံ = ရေမီးအစုံစုံတန်ခိုးပြာဋိဟာ နှင့် ပြည့်စုံသောမြတ်စွာဘုရားကို ပဏမာမိ = ရှိခိုးပါ၏ ။ ၁၁။ သုခဒံ =ချမ်းသာကိုပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏမာမိ =ရှိခိုးပါ၏ ...

ဩဝါဒပါတိမောက်

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ်ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ တိတိက္ခာ - တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ - သူတစ်ပါးတို့ ပြစ်မှားစော်ကား စွပ်စွဲခြင်းနှင့် အချမ်းအပူစသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ - မွန်မြတ်စွာသော၊ တပေါ - သူတော်ကောင်းတို့အကျင့်ပေတည်း။ နိဗ္ဗာနံ - တဏှာမှလွတ်မြောက်ရာ နိဗ္ဗာန်တရားကို၊ ပရမံ - အမြတ်ဆုံးဟူ၍၊ ဗုဒ်ဓါ - ဘုရားအဆူဆူတို့သည်၊ ဝဒန္တိ - ဟောတော်မူကုန်၏။ ပရူပဃာတီ - တစ်ပါးသော သတ္တဝါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော - ရဟန်းသူမြတ်သည်၊ န ဟောတိ - မဖြစ်နိုင်ပေ။ ပရံ - သူတစ်ပါးကို၊ ဝိဟေဌယန္တော - ညှဉ်းဆဲ နှိပ်စက်သောသူသည်၊ သမဏော - ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်၊ န ဟောတိ - မဖြစ်နိုင်ပါပေ။ ၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ်ဓါန သာသနံ။ သဗ္ဗပါပဿ - အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ - မပြု မလုပ်ရခြင်းလည်းကောင်း၊ ကုသလဿ - အပြစ်ကင်းငြား ကောင်းမှုများကို၊ ဥပသမ္ပဒါ - ပြည့်စုံအောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ - မိမိစိတ်ကို အညစ်အကြေးသုတ်သင...

တဏှာယ

တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။ တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။ ( ဗြာဟ္မဏ = သောကဖြစ်ပွါး အိုပုဏ္ဏား..)။ တဏှာယ = တပ်မက်တွယ်တာမှု တဏှာလောဘ တရားအစုကြောင့်။ သောကော = စိုးရိမ်ပူဆွေး စိတ်မအေးရခြင်း သောကတရားသည်။  ဇာယတိ  = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။  တဏှာယ  = တပ်မက်တွယ်တာမှု တဏှာလောဘ တရားအစုကြောင့်။  ဘယံ  = အားနည်းသော ဒေါသဖြင့် စိတ်ကမသန့် ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ ဘေးအစုသည်။  ဇာယတိ  = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။  တဏှာယ  = တွယ်တာတပ်မက်မှု တဏှာလောဘ တရားအစုမှ။  ဝိပ္ပမုတ္တဿ  = အရဟတ္တဖိုလ်ပေါက် လွတ်မြောက်ပြီးသောသူ၏ (သန္တာန်၌)။  သောကော  = စိုးရိမ်ပူဆွေး စိတ်မအေးရခြင်းသည်။  နတ္ထိ  = တစိုးတစိ မဖြစ်တော့ချေ။  ဘယံ  = ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ ဘေးအစုသည်။  ကုတော အတ္ထိ  = အနာဂါမိမဂ်ခဏကပင် ဖျက်ချပယ်ခွါ ပြီးခဲ့စွာကြောင့် အဘယ်မှာလျှင် ဖြစ်ရှိချေတော့အံ့နည်း။

အပ္ပမာဒ

ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တ ယာမိ ဝေါ။ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။ ဘိက္ခဝေ - စိတ်အကြံအလို အဓိဋ္ဌာန်ပို၍ နိဗ္ဗာန်ကို လိုလားကြကုန်သော အို... ချစ်သား ချစ်သမီးတို့။ ဒါနိ – ဣဒါနိ – ပရိနိဗ္ဗာန် စံယူခါနီး ယခုလိုအခါကာလ သမယကြီး၌။ ဟန္ဒဂဏှထ – ငါဘုရား၌ လေးစားကြည်ဖြူ နာယူလိုက်ကြပါကုန်လော့။ ဝေါ-တုမှာကံ – မျက်မှောက်ခုရှိ တပည့်အများ သင်ချစ်သား ချစ်သမီးတို့အား။ အာမန္တယာမိ – သင်တို့တစ်သက်လုံး လက်ကိုင်သုံးဖို့ နောက်ဆုံးစကား မှာကြားတော်မူခဲ့ပါပေအံ့။ (ဝါ ) အာမန္တယာမိ - လေးဆယ့်ငါးဝါ ကာလကြာအောင် ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သည့် တရားအပေါင်းတို့တွင် လိုရင်းကို အကျဉ်းချုပ်၍ နိဂုံးအုပ်စကား မှာကြားတော်မူခဲ့ပါပေအံ့။ သင်္ခါရာ – ကံ, စိတ်, ဥ, ဟာ ကြောင်းလေးဖြာကြောင့် ဖြစ်လာကြငြား, သင်္ခါရတရားတို့သည်။  ဝယဓမ္မာ – ဖြစ်ကမရပ် ကွက်မလပ်ဘဲ ပျက်စီးပြိုကွဲ မခိုင်မြဲသောသဘော ရှိကြလေကုန်၏။  တသ္မာ - ထိုသို့ အဖြစ်က မရပ် ကွက်မလပ်ဘဲ ပျက်စီးပြိုကွဲ မခိုင်မြဲသောသဘော ဖြစ်ကြပါလေသောကြောင့်။  တုမှေ – သင် ချစ်သား ချစ်သမီးအပေါင်းတို့သည်။  အပ္ပမာဒေန - မမေ့မလျော့ မပေါ့မဆ ကောင်းမြတ်သော သတိတရားဖြင့်။  ဝါ - ဒါနမှု, သီလမှု, ဘာဝနာမှုတို့၌ မမ...

သီလ

သီလတရားရဲ့ ဂုဏ်ကျေးဇူး စာဂါနုဿတိဆိုတဲ့ အဲဒါ ဗဟိဒ္ဓအပိုင်းရောက်သွားတော့ အဇ္ဈတ္တ-ကိုယ်ထဲ နှလုံးသွင်းကြစို့ ဆိုလို့ရှိရင် မိမိရဲ့ကိုယ်ထဲမှာ အလေးအနက် နှလုံး မသွင်းနိုင်သေးရင် မိမိ ကျင့်သုံး အပ်သော သီလတရားကို နှလုံးသွင်း၊ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို မပြတ်မပြတ် မိမိရဲ့သီလတရားကို မပြတ် မပြတ် ဆင်ခြင်ပြီးတော့ပေး၊ အဲဒါဟာ သီလာနုဿတိ ခေါ်တယ်။ သီလဖြူစင်အောင် စောင့်ထိန်းထားပြီးတော့ ထိုသီလ ဂုဏ်ကျေးဇူးကို မပြတ်မပြတ် ဆင်ခြင်ပြီးတော့ပေးရမယ်၊ ဒီတော့ သီလဂုဏ်ကျေးဇူး ဆင်ခြင်ပုံလေးနဲ့ ပတ်သက်လို့ ဘုန်းကြီး ဂါထာလေးတစ်ပုဒ် ထုတ်ထားခဲ့မယ်။ သီလံ သဂ္ဂဿ သောပါဏံ၊ အညံ သီလသမံ ကုတော။  ဒွါရံ ဝါပန နိဗ္ဗာန၊  နဂရဿ ပဝေသနေ။ သီလံ = သီလတရားဆိုသည်ကား။  သဂ္ဂဿ = နတ်ရွာသုဂတိရဲ့။ သောပါဏံ = စောင်းတန်း လှေကားသဖွယ်လည်း ဖြစ်ပါပေ၏။ နတ်ရွာသုဂတိတက်ဖို့ရန် စောင်းတန်းကြီးဟာ ဪ ငါကျင့်သုံးထားတဲ့ သီလဟာ နတ်ပြည် တက်ဖို့ စောင်းတန်းကြီးပါတကား။ အမြဲတမ်း နှလှုံးသွင်းပြီးတော့အားရပါးရ - အညံ သလီသမံ ကုတော၊ သလီသမံ = သီလနှင့် တူသော (ဝါ) နတ်ရွာသုဂတိ တက်ဖို့ရန် စောင်းတန်းနှင့် တူသော။  အညံ = အခြားတစ်ပါးသည်။ ကုတောနတ္ထိ = အဘယ်မှာ ရှိပါ့မလဲ။ နတ်ပြည်တက်ဖို့ လှေကား ...

ပရိတ်မွှမ်း

ပရိတ်အမွှမ်း ========== ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက်ခန်တု သဗ်ဗ ဒဝေတာ။ သဗ်ဗဗုဒ်ဓါ နုဘာဝနေ ၊ သဒ်ဒါသုခီ ဘဝန်တု တေ ။ (သဗ်ဗဓမ်မာ သဗ်ဗသံဃာ နုဘာဝနေ ၊ သဒ်ဒါသုခီ ဘဝန်တု တေ ။ ) တေတုမှာကံ၊ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်လျှက် ရှိကြကုန် သော သင်သူတော်ကောင်း အပေါင်းတို့အား ။ ဣစ္ဆိတံ၊အလိုရှိအပ်ကုန်သော။ ပတ္တိတံ၊တောင့်တအပ်ကုန်သော။ သဗ္ဗမင်္ဂလံ သဗ္ဗမင်္ဂလာနိ၊အလုံးစုံကုန်သော လောကီ လောကုတ္တရာမင်္ဂလာအပေါင်းတို့သည်။ဘဝတု၊နေ့တိုင်းညတိုင်း အခါမဆိုင်းပဲ ဟုတ်တိုင်းမှန်စွာ ပြည့်စုံနိုင်ကြပါစေ။ တေတုမှာကံ၊ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို အမြဲမပြတ် စီးကပ်ကိုးကွယ်လျှက် ရှိကြကုန်သော သင်သူတော်ကောင်းတို့အား သဗ္ဗဒေဝတာ၊ကိုယ်စောင့်နတ်စသော အလုံးစုံသော(အိမ်...ကျောင်း...ဝိုင်း...) မိမိတို့၏ သွားရာလာရာ လုပ်ရာကိုင်ရာ ​နေရာထိုင်ရာ ဌာနအသီးသီးတို့၌ အမြဲမပြတ် စောင့်ရှောက်၍ နေထိုင်သွားလာ လှုပ်ရှားမှု့ ပြုကြကုန်သော သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ကလည်းပဲ ။ ရက္ခန္တု၊လူတိုင်းကိုယ်စီ အလုပ်အကိုင် စီးပွါးဥစ္စာတွေ တိုးတက်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာခြင်းရှိကြရလေအောင် ကောင်းစွာမသွေစောင့်ရှောက်န...