Posts

Showing posts from July, 2024

ပရိတ်မွှမ်း

ပရိတ်အမွှမ်း ========== ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက်ခန်တု သဗ်ဗ ဒဝေတာ။ သဗ်ဗဗုဒ်ဓါ နုဘာဝနေ ၊ သဒ်ဒါသုခီ ဘဝန်တု တေ ။ (သဗ်ဗဓမ်မာ သဗ်ဗသံဃာ နုဘာဝနေ ၊ သဒ်ဒါသုခီ ဘဝန်တု တေ ။ ) တေတုမှာကံ၊ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်လျှက် ရှိကြကုန် သော သင်သူတော်ကောင်း အပေါင်းတို့အား ။ ဣစ္ဆိတံ၊အလိုရှိအပ်ကုန်သော။ ပတ္တိတံ၊တောင့်တအပ်ကုန်သော။ သဗ္ဗမင်္ဂလံ သဗ္ဗမင်္ဂလာနိ၊အလုံးစုံကုန်သော လောကီ လောကုတ္တရာမင်္ဂလာအပေါင်းတို့သည်။ဘဝတု၊နေ့တိုင်းညတိုင်း အခါမဆိုင်းပဲ ဟုတ်တိုင်းမှန်စွာ ပြည့်စုံနိုင်ကြပါစေ။ တေတုမှာကံ၊ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို အမြဲမပြတ် စီးကပ်ကိုးကွယ်လျှက် ရှိကြကုန်သော သင်သူတော်ကောင်းတို့အား သဗ္ဗဒေဝတာ၊ကိုယ်စောင့်နတ်စသော အလုံးစုံသော(အိမ်...ကျောင်း...ဝိုင်း...) မိမိတို့၏ သွားရာလာရာ လုပ်ရာကိုင်ရာ ​နေရာထိုင်ရာ ဌာနအသီးသီးတို့၌ အမြဲမပြတ် စောင့်ရှောက်၍ နေထိုင်သွားလာ လှုပ်ရှားမှု့ ပြုကြကုန်သော သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ကလည်းပဲ ။ ရက္ခန္တု၊လူတိုင်းကိုယ်စီ အလုပ်အကိုင် စီးပွါးဥစ္စာတွေ တိုးတက်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာခြင်းရှိကြရလေအောင် ကောင်းစွာမသွေစောင့်ရှောက်န...

နတ်ပို့

ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။ ဧတ္တာဝတာ စ – သဒ္ဓါစေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက်ဝေစေကြောင်းဖြစ်သော ဤဓမ္မဒေသနာတော်အပေါင်းတို့အား ရွတ်ပွားသရဇ္ဈာယ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ရခြင်းဖြင့်၊ အမှေဟိ – အကျွန်ုပ်တို့သည်၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ – အလုံးစုံကုန်သော စည်းစိမ်ချမ်းသာ မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံခြင်းငှာ၊ သမ္ဘတံ – ကောင်းစွာမပြတ် ဆည်းပူးအပ်သော၊ ပုညသမ္ပဒံ – ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ပြည့်စုံခြင်းကို၊ သဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊ ဒေဝါ – စကြဝဠာအဖြာဖြာမှ ကြွလာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊ အနုမောဒန္တု – ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။ ဒါနံ – ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊ သဒ္ဓါယ – ကံ, ကံ၏အကျိုးကို ယုံကြည်လျက်၊ ဒဒန္တု – ဘဝဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း။ သီလံ – စာရိတ္တ ဝါရိတ္တ မြတ်သီလကို၊ ရက္ခန္တု – မကျိုးမပေါက် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေ...

ဘုရားရှိခိုးခြင်းဖြင့်ပါရမီ(၁၀)ပါးပြည့်စုံအောင်ဘုရားရှိခိုးနည်း

ဘုရားရှိခိုးခြင်းဖြင့် ပါရမီ(၁၀)ပါးပြည့်စုံအောင် ဘုရားရှိခိုးနည်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပထမဦးစွာ ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ နံ့သာတိုင်တို့ ပူဇော်လိုက်ခြင်းကြောင့် " ဒါနပါရမီ " ဖြစ်သွားပါတယ်။ ငါးပါးသီလ ခံယူ ဆောက်တည်လိုက်ခြင်းကြောင့် " သီလပါရမီ " ဖြစ်သွားပါတယ် ။ ဘုရား ရှိခိုးခိုက်ဝယ် တဏှာရာဂ ၊ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန စသည်တို့မှ ခဏ ကင်းလွတ်နေသောကြောင့် " နေက္ခမ္မပါရမီ " ဖြစ်သွားပါတယ် ။ ဘုရား ရှိခိုးခိုက် မမှားအောင် သတိထား ရွတ်ဆိုနေခြင်း ၊ ပါဠိတော်ကို ရွတ်ဆိုနေခြင်း ၊ ဆင်ခြင်နေခြင်း ၊ ရွတ်ဆိုနိုင်သော အသိဥာဏ်တို့သည် " ပညာပါရမီ " ဖြစ်သွားပါတယ် ။ ကျန်းမာနေသ၍ နေ့စဉ် ဝတ်မပျက် ရလေအောင် ကြိုးစား ပူဇော်နေခြင်းတို့သည် " ဝီရိယပါရမီ " ဖြစ်သွားပါတယ် ။ ဘုရား ရှိခိုးခိုက်ဝယ် ညောင်းညာနေခြင်း ၊ ပင်ပန်းနေခြင်း ၊ မှက်, ခြင် ကိုက်ခြင်း စသည်တို့ကို သည်းခံနေခြင်းသည် " ခန္တီပါရမီ " ဖြစ်သွားပါတယ် ။ ဘုရား ရှိခိုးပြီးတိုင်းဝယ် ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို ပူဇော်ပါ၏၊ ဤစကားသည် မှန်သော သစ္စာစကား ဖြစ်ပါပေ၏ ... ဟု သစ္စာပြုခြင်းသည် " သစ္စာပါ...