စကား
စကား(၆)ခွန်း 'လူ၌ထွန်းတဲ့ စကားခွန်း(၆)ခွန်း' ၁။ မုသာဝါဒ = မမှန်၊ အကျိုးမရှိ၊ မနှစ်သက်။ ၂။ ပိသုဏ = မှန်၊ အကျိုးမရှိ၊ နှစ်သက်။ ၃။ ဖရုသ = မှန်၊ အကျိုးမရှိ၊ မနှစ်သက်။ ၄။ သမ္ဖပ္ပလာပ = မမှန်၊ အကျိုးမရှိ၊ နှစ်သက်။ ၅။ သမ္မာဝါစာ = မှန်၏၊ အကျိုးရှိ၊ မနှစ်သက်။ ၆။ သမ္မာဝါစာ = မှန်၏၊ အကျိုးရှိ၊ နှစ်သက်။ အမှန်တွေပြောကြရာဝယ် - မှန်တာပြောခြင်းသာ တူသလိုရှိသော်ငြားလဲ 'မှန်တာပြော သစ္စာ'လို့ ဆိုနိုင်သလို၊ 'မှန်တာပြော ပိသုဏ'လို့လည်း ဆိုနိုင်ပြန်၏။ ထူးခြားချက်က -? ၁။ ကိုယ့်အကြောင်းကို အမှန်ပြောရင် သစ္စာ၊ ၂။ သူ့မကောင်းကြောင်း အမှန်ပြောရင် ပိသုဏ၊ အဲဒါဟာ သစ္စာနဲ့ ပိသုဏတို့ရဲ့ခြားနားချက်ပါ။ "မှန်တာပြောတာပဲ အပြစ်မဖြစ်ပါဘူး"ဆိုပြီး သူများမကောင်းကြောင်းတွေ, သူများအတင်းတွေ ပြောနေမယ်ဆိုလျှင် ပိသုဏဝါစာကံ ငြိစွန်းသွားနိုင်သည်... မကောင်းသောစိတ်ထား ထားရှိကာ ကိုယ့်ဘက်ပါလိုသောညာဉ်ဖြင့် နှစ်ဦးကြား ကွဲပြားလို၍ပြောရင် ပိသုဏကံငြိနိုင်ပါသည်။ 'သွေးခွဲစကား၊ ကွယ်တပါး၊ ပြောကြား ပိသုဏ' သစ္စာပါရမီအနေနဲ့ကြည့်ရင် 'သစ္စာ'ဟူသည် 'အပြောနဲ့အလု...