ဘုရားရှိခိုးခြင်းဖြင့်ပါရမီ(၁၀)ပါးပြည့်စုံအောင်ဘုရားရှိခိုးနည်း
ဘုရားရှိခိုးခြင်းဖြင့် ပါရမီ(၁၀)ပါးပြည့်စုံအောင် ဘုရားရှိခိုးနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပထမဦးစွာ
ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ နံ့သာတိုင်တို့
ပူဇော်လိုက်ခြင်းကြောင့်
" ဒါနပါရမီ " ဖြစ်သွားပါတယ်။
ငါးပါးသီလ
ခံယူ ဆောက်တည်လိုက်ခြင်းကြောင့်
" သီလပါရမီ " ဖြစ်သွားပါတယ် ။
ဘုရား ရှိခိုးခိုက်ဝယ်
တဏှာရာဂ ၊ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန
စသည်တို့မှ ခဏ ကင်းလွတ်နေသောကြောင့်
" နေက္ခမ္မပါရမီ " ဖြစ်သွားပါတယ် ။
ဘုရား ရှိခိုးခိုက်
မမှားအောင် သတိထား ရွတ်ဆိုနေခြင်း ၊
ပါဠိတော်ကို ရွတ်ဆိုနေခြင်း ၊ ဆင်ခြင်နေခြင်း ၊
ရွတ်ဆိုနိုင်သော အသိဥာဏ်တို့သည်
" ပညာပါရမီ " ဖြစ်သွားပါတယ် ။
ကျန်းမာနေသ၍
နေ့စဉ် ဝတ်မပျက် ရလေအောင်
ကြိုးစား ပူဇော်နေခြင်းတို့သည်
" ဝီရိယပါရမီ " ဖြစ်သွားပါတယ် ။
ဘုရား ရှိခိုးခိုက်ဝယ်
ညောင်းညာနေခြင်း ၊ ပင်ပန်းနေခြင်း ၊ မှက်, ခြင်
ကိုက်ခြင်း စသည်တို့ကို သည်းခံနေခြင်းသည်
" ခန္တီပါရမီ " ဖြစ်သွားပါတယ် ။
ဘုရား ရှိခိုးပြီးတိုင်းဝယ်
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို
ပူဇော်ပါ၏၊ ဤစကားသည် မှန်သော သစ္စာစကား
ဖြစ်ပါပေ၏ ... ဟု သစ္စာပြုခြင်းသည်
" သစ္စာပါရမီ " ဖြစ်သွားပါတယ်။
ဘုရား မရှိခိုးခင်ဝယ်
ကြိုတင်ပြီး အာမခံထားမယ် ဆိုရင်
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို
၁၈ - ခေါက် သက်စေ့ ပူဇော်ပါမည်ဘုရား ဟု
ကြိုတင်ပြီး အဓိဋ္ဌာန် ထားမယ် ဆိုရင်
" အဓိဋ္ဌာန်ပါရမီ " ဖြစ်သွားပါတယ် ။
ဘုရား ရှိခိုးပြီးတော့
သတ္တဝါတွေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊
ဘေးရန် ကင်းပါစေ ၊ လိုရာဆန္ဒများ ပြည့်စုံပါစေ ၊
ဟူ၍ မေတ္တာပို့မယ် ၊ မေတ္တာပွားမယ် ဆိုရင်
" မေတ္တာပါရမီ " ဖြစ်သွားပါတယ် ။
ဘုရား ရှိခိုးပြီး မေတ္တာပွားစဉ် အခါဝယ်
သတ္တဝါတွေ ကျန်းမာပါစေ ၊ချမ်းသာပါစေ ၊ ဘေးဒုက္ခမှ ကင်းဝေးပါစေ လို့မည်သို့ပင် မေတ္တာပို့ပို့ သူ့ကံနဲ့သူ လာတာပဲ ၊ကံသာလျှင် အမိ ၊ ကံသာလျှင် အဖ ဖြစ်ပေတယ် ၊ငါ ... မေတ္တာ ပို့နေပေမဲ့လည်းဘေးဒုက္ခ ကင်းချင်မှ ကင်းမယ် ဆိုပြီး သတ္တဝါတို့အပေါ်ချစ်ခြင်း ၊ မုန်းခြင်း ၊ သနားခြင်း ၊ ဝမ်းသာခြင်း တို့ကိုဘေးဖယ်လိုက်မယ် ၊ ဥပေက္ခာ ပွားလိုက်မယ် ဆိုရင်" ဥပေက္ခာပါရမီ" ဖြစ်သွားပါတယ် ။
___________________________
ပါရမီ မြောက်တဲ့အထိ ဘုရားရှိခိုး ပူဇော်ပါက
လွန်းစွာ အကျိုးကြီးမြတ်လှပါတယ်။
ဘုရား ရှိခိုးတာ ...
" ဥာဏသမ္ပယုတ် ကုသိုလ် " ဖြစ်သွားတော့
နိဗ္ဗာန်ထိအောင် အကျိုးပေးပါတယ် ။
(ပါမောက္ခချုပ်ဆရာတော်ကြိး)
ဒေါက်တာနန္ဒမာလာဘိဝံသ
ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေ။
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
-------###----------
Comments
Post a Comment